Profile photo of Myo Thant

မျိုးသန့်

မင်္ဂလာပါ YOPE ပရိသတ်များခင်ဗျာ ကျွန်တော် မျိုးသန့်ပါ။ YOPE အစီအစဉ် တစ်ခုလုံးအတွက် စီစဉ်ထုတ်လုပ်သူ ဖြစ်ပါတယ်။ မဇ္ဈိမ မီဒီယာ ဂရုပ်ရဲ့ (မြန်မာပိုင်း) တာဝန်ခံ အယ်ဒီတာလည်း ဖြစ်ပါတယ်။ နွမ်းပါး လယ်သမား မိဘနှစ်ပါးက မွေးဖွားပြီး ငယ်ငယ်က ကျောင်းဆရာတစ်ယောက် ဖြစ်ချင်တာဗျ။ တပည့်တစ်ယောက်ကို ထိုးနှက် ဆုံးမရာက အလုပ်ပြုတ်ခဲ့တဲ့ ရာဇဝင်ရှိခဲ့တယ်။ ငယ်ငယ်က “နင်အိမ်က ထွက်သွားရင် ခရီးစရိတ် တစ်သောင်းနဲ့ အုန်းပွဲ ငှက်ပျောပွဲနဲ့ ကန်တော့မယ်”လို့ မိဘတွေရဲ့ ကောင်းချီးပေး ခံရတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်ဗျ။ မကြာခဏ နားထောင်တတ်တဲ့ သီချင်းတွေကတော့ ပလေးဘွိုင်းသန်းနိုင်ရဲ့ “လူငယ်လေး တစ်ယောက်အကြောင်း” နဲ့ ထူးအိမ်သင်ရဲ့ “ညီလေးရေ” သီချင်းတွေပဲဗျာ။

ခုတော့ ဟင်းကောင်းလေး စားရရင် ခင်မင်သူတွေကို သတိရသလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးထွက်ဆိုးကျိုးမပါတဲ့ YOPE ဟင်းလျာလေး တစ်ခွက် ကျွန်တော်တို့ ကျကျနန ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ထားပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားထားတယ်ဗျာ။ အားပေး သုံးဆောင်ကြည့်ကြပါဦး။